CORRECTAR LA LETRA

Letra : ...flying (unreleased 2015 version)

Damn I really need you for company
လက်ကလေးတွေဆန့်လို့ လေကိုဆန်တက်မည်
ပျံသန်းကြမည် ဝေဟင်ယံအဆုံးအထိ
အတူတူယှဥ်ကာသွားမည် အနာဂတ်လမ်းဆီ
မနက်မိုးလင်းပြီ အမှောင်တွေဖြိုကာခွင်းအပြီး
တိမ်စူကာရယ် ဟန်ဆောင်မနေဘဲ တစ်ချက်ညည်းကြည့်
ခုနှစ်သက်တံ့ရောင် ပျော်ရွှင်မှုကအတိုင်းမသိ
တိမ်နန်းပေါ်ဝယ် အမှတ်တရလေးတွေဖန်တီး

ငါတစ်သက်လုံးနင်ပဲချစ်မယ် ဘုရားရှေ့မှာကတိပြုထားတယ်
ကမ္ဘာတစ်ခုလုံး ငါတို့အလင်းရောင်နဲ့ ထွန်းလင်းနေတယ်
ငါတစ်သက်လုံးနင်ပဲချစ်မယ် ဘုရားရှေ့မှာကတိပြုထားတယ်
ကမ္ဘာတစ်ခုလုံး ငါတို့အလင်းရောင်နဲ့ ဝင်းလက်နေတယ်

တိမ်စိုင်တွေကိုဖောက်ထွင်းမယ်
လေထုအလွှာတွေကိုကျော်ဖြတ်မယ်
ငါတို့နှစ်ယောက်လက်တွေ လေထဲယိမ်းခါပြီး ပျံသန်းကြမယ်ကွယ်
ကမ္ဘာမြေကိုကျော်ဖြတ်မယ် တိမ်တွေပေါ်မှာခိုနားမယ်
ငါတို့နှစ်ယောက်လက်တွေ အတူတစ်ကွဖြန့်တင်ပြီးပျံသန်းကြမယ်ကွယ်

We're flying...We're flying...We're flying high in the sky
We're flying...We're flying...We're flying like hornbill birds
We're flying...We're flying...We're flying high in the sky
We're flying...We're flying...We're flying like hornbill birds
ငါတစ်သက်လုံးနင့်ပဲချစ်တယ်
သူရိန်နေထက်ပိုပြီးလင်းတယ်
ကမ္ဘာတစ်ခုလုံး ငါတို့အလင်းရောင်နဲ့ ထွန်းလင်းစေတယ်
ငါတစ်သက်လုံးနင့်ပဲချစ်တယ်
သူရိန်နေထက်ပိုပြီးလင်းတယ်
ရောင်ခြည်ဖြာပေး ငါကနင့်ရဲ့လရိပ်စန္ဒာငယ်...

ကမ္ဘာဆွဲအားကြီးမရှိရင်လည်း တို့နှလုံးသားလေးမဲ့နိူင်တယ်
ခိုင်မြဲစွာဆုပ်ကိုင်ထားမြဲလက်တွေ အမြင့်ပေါ်ရောက်လေမဖြုတ်ကြေး
ဒီနှလုံးသားလည်းတောက်ပစမြဲ နေမင်းကြီးရဲ့လောကဓာတ်တည်သရွေ့ကွယ်
တစ်ကိုင်းတည်းမှာ ထပ်ကြပ်မကွာ အသက်ဆုံးထိချစ်ကြမယ်

တို့နှစ်ယောက်ရဲ့ တို့နှစ်ယောက်ရဲ့
ချစ်ခြင်း ချစ်ခြင်း
စွတ်ပျန့်စဖွယ် စွတ်ပျန့်ကြည်နူးခြင်းတွေ...
သမိုင်းကျောက်တည်မြဲပါစေ